“MCB ဂါရဝ” Campaign

MCB ဘဏ်အသုံးပြုသူ မိဘပြည်သူများအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကြည်နူးပျော်မြူး MCB ဂါရဝလက်ဆောင် သိန်း (၁၀၀) အထိ ကံထူးနိုင်မယ့် campaign အစီအစဉ်ကြီး လာပါပြီ။

MCB Prime Plus Fixed Deposit အကောင့်အား အပ်နှံငွေ ကျပ်သိန်း (၁၀၀) မှ စတင်၍ အနည်းဆုံး (၃)လ အပ်နှံဖွင့်လှစ်ပါက ပုံမှန်တစ်နှစ်စာ အတိုးနှုန်း 11.5% p.a. အထိ ခံစားနိုင်မယ့်အပြင် အတိုးကြိုယူနိုင်ပြီး ငွေသားဆုကြီးတွေပါ ကံထူးနိုင်မယ့် အခွင့်အရေးကို ရယူနိုင်မှာ ဖြစ်ပါတယ်။

ပါဝင်ကံစမ်းနိုင်မည့်သူများ

MCB Prime Plus Fixed Deposit အကောင့်အား အပ်နှံငွေ ကျပ်သိန်း (၁၀၀) မှ စတင်၍ အနည်းဆုံး (၃)လ အပ်နှံဖွင့်လှစ်လိုက်ရုံနဲ့ အတိုးနှုန်း 11.5% p.a. အထိ ခံစားနိုင်မယ့်အပြင် “MCB ဂါရဝ” campaign မှာပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။

ကမ်ပိန်း၏ ငွေသားဆုကြီးများ

MCB ဂါရဝ အစီအစဉ်ရဲ့ ငွေသားဆုကြီးများအနေဖြင့် 

🥇 ပထမဆု – ကျပ် သိန်း (၃၀) တစ်ဆု 

🥈 ဒုတိယဆု – ကျပ် သိန်း (၂၀) တစ်ဆု

🥉 တတိယဆု – ကျပ် (၁၀) သိန်း ငါးဆု ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

ကမ်ပိန်းကာလ

စက်တင်ဘာလ (၁၆) ရက်နေ့ မှ ဒီဇင်ဘာလ (၁၆) ရက်နေ့ အထိ။

စည်းကမ်းသတ်မှတ်ချက်များ

  • အထက်ပါ ပါဝင်ကံစမ်းနိုင်မည့်သူ၏ အချက်အလက်များနှင့် ကိုက်ညီသူတိုင်း ငွေသားဆုမဲများအတွက် ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်သည်။
  • စတင်အပ်နှံငွေ အနည်းဆုံး သိန်း (၁၀၀) ကျပ်ဖြင့် (၃) လ အချိန်ပိုင်းစာရင်းသေအပ်ငွေအကောင့် Prime Plus Fixed Deposit အကောင့်ကို MCB ဂါရဝ ကမ်ပိန်းကာလအတွင်း ဖွင့်လှစ်ရမည်ဖြစ်သည်။
  • အပ်နှံငွေကျပ် သိန်း (၁၀၀) အား ကံစမ်းမဲလက်မှတ် (၁) စောင်ဟု သတ်မှတ်ထားပြီး ပါဝင်သူ တစ်ဦးလျှင် အများဆုံး လက်မှတ် (၁၀) စောင်အထိသာ ရယူ ပါဝင်ခွင့်ရှိမည်ဖြစ်သည်။
  • ကံထူးရှင်အမည်စာရင်းကို MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။ 
  • ကံထူးရှင်များ၏ ငွေသားဆုမဲများကို ကံထူးရှင်များ၏ MCB Savings အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်သည်။
  • ယခုအစီအစဉ်တွင် MCB ၏ဝန်ထမ်းများ ပါဝင်ကံစမ်းခွင့်ရှိမည်မဟုတ်ပါ။
  • အကယ်၍အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက MCB ဘဏ်၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

“2,000 MMK Cashback - MPU-JCB Debit Card” Promotion

MPU-JCB Debit Card ကိုင်ဆောင်သူများအတွက် ဝဿန်ကာလအထူးပရိုမိုးရှင်းအစီအစဉ် တစ်ခုကိုသယ်ဆောင်လာပါပြီ။

တစ်လအတွင်းမှာ MPU-JCB Debit Card အသုံးပြုပြီး ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဖြစ်တဲ့ POS, E-commerce များတွင် MPU-JCB Debit Card ကတ်ဖြင့် (၂) သိန်းဖိုးနဲ့ အထက်အသုံးပြုလို့ ငွေပေးချေသူများကို လကုန်ပြီးတိုင်းမှာ (၂,၀၀၀) ကျပ်လက်ဆောင် ပြန်လည်ထည့်သွင်းပေးသွားမှာပဲ ဖြစ်ပါတယ်။

အဆိုပါ (၂) သိန်းဖိုးသုံးပြီး (၂,၀၀၀) ကျပ် လက်ဆောင်ရယူနိုင်မယ့် ပရိုမိုးရှင်းအစီအစဉ်လေးက ဩဂုတ်လ (၁) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၃)လတာ ပြုလုပ်ပေးသွားမှာဖြစ်လို့ ဈေးဝယ်တိုင်းမှာ MCB ရဲ့ MPU-JCB ကတ်နဲ့ ငွေပေးချေရင်း (၂,၀၀၀) ကျပ် လက်ဆောင်ရယူဖို့ မမေ့ပါနဲ့နော်။

Who can participate?

MPU-JCB Debit Card ကိုင်ဆောင်သူ မည်သူမဆိုပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်ရှင်။

Campaign Prizes

MPU-JCB Debit Card ကတ်ဖြင့် (၂) သိန်းကျပ်နဲ့ အထက်အသုံးပြုသူများအတွက် လကုန်ပြီးတိုင်း အကောင့်ထဲသို့ (၂,၀၀၀) ကျပ်လက်ဆောင် ပြန်လည်ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

Campaign Period

ဩဂုတ်လ (၁) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ

*Terms & Conditions Apply*